Thursday, May 14, 2015

ကြယ်တွေပြိုင်တူလင်းဖို့လိုတယ် ....... LET'S SHINE IN UNISON

သုံည တလုံးဟာ
ရှေ့ဆုံးမှာ မနေသင့်ဘူး။
A zero should not lead and stay,
in front of great value array.

မင်းတို့ နေရာပျောက်မှာ ကြောက်တာနဲ့ 
ခန်းမ တခုလုံး ဖျောက်ထားရသလား။
They hide the entire hall and cheat,
because they don’t want us to take the seats 

မိုးကြိုးလျှပ်စီးရယ်
မင်း..ငါတို့ ကို ပစ်ခတ် ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။
Oh… the flash of lightning,
Though you strike us with one-sided gun fighting,
Your light will disappear in very soon
For us, you will never be the moon 

သူငယ်ချင်းတို့ ရေ
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ တော့
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။
Dear mates,
if your mind depend on the weather state
you’ll be too late.

မီးပျက်နေတဲ့ ညတွေမို့
ကြယ်တွေပြိုင်တူ လင်းဖို့ လိုတယ်။
Because  our motherland is so darkened
We, the stars, need to shine in unison.

Composed by Kaung Kin Ko

Translated by Kyaw Win

Even a whore loves .....

Even a whore loves .......
<><><><><><><><><><><>
After being exploited on a whore's earnings,
I never  hesitate to spend my small saving 
On buying a mobile phone for you, Honey !
Please don't call me a " WHORE " when you booze,
Though I'm a professional whore for our expenses,
 I'd like to be a well mannered.

It may be a big joke for your so called civilized people,
That you all are not well behaved enough like me as a whore,
To differentiate between  love and sex.
And, admit it, Honey !

To be frank, we don't care our customers' race or religion,
And, we treat them like our bed-partners to prove that 
We are more civilized than you.
So, admit it, too, Honey !

I wish you could see the hungry faces of those so called gentlemen,
Who tried out anal sex though their dignity is shined  by their wealth.
Oh, am I so rude to you ?
Yes, truth is impolite very often, Honey !

Not much hope for a whore like me,
From these people under these circumstances 
Of such a deteriorating system.
I only need a few cash to live,
A small amount of your love and care,
And some branded condoms.

Please don't ask money frequently during hard times.
I'm really upset whenever I see your depressed face.
Our illegal business has a lot of challenges.
After commission to the whore-guardian and bribery to police,
I don't have much left even for my makeup.
Some think a whore is happy to be a whore,
And I'd rather  let them wear our shoes only for a month.

 I have many problems apart from food,
And my body is only and big investment for me,
So I inevitably try to sell it on market.
I'm tired of giving explanation to those who are dumb enough,
To understand that we have a few choices but a lot of challenges.

I dare not expect humanity nor protection from such people,
I'm just contented if you don't bully me.
No need to be faithful but your love is enough for me.

It doesn't matter whether you appreciate my love or not.
But I'm proud of myself as a human being,
If I don't need to exclaim repeatedly that....
Even a whore loves.


Translated by .....

Kyaw Win 







ငါ ..... မင်းနဲ့ မတူချင်တော့ဘူး

ငါ ..... မင်းနဲ့ မတူချင်တော့ဘူး
~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက မြန်မာနိုင်ငံဆိုတာ လူသူမရှိတဲ့ တောကြီးမျက်မဲကြီး၊ မင်းတို့က အရှေ့မြောက်ဘက်က အရင်ဝင်လာပြီး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ အခြေချတယ်။ ငါတို့က နောက်ပိုင်းမှာ အနောက်တောင်ဘက်က ဝင်လာပြီး အနောက်ဘက်ခြမ်းမှာ အခြေချတယ်။တောင်ကျော်ပြီး အရင်ဝင်လာတဲ့လူနဲ့ ရေလမ်းကနေ နောက်က ဝင်လာတဲ့လူ ဒါပဲကွာတယ်။ မင်းက မိုးပေါ်ကကျလာတာမဟုတ်သလို ငါကလဲ မြေကြီးထဲက ထွက်လာတာမဟုတ်ဘူး။ မင်းကရွှေ့ပြောင်းအခြေချသူ၊ ငါက ပြောင်းရွှေ့အခြေချသူ။ ငါတို့ရဲ့ဘိုးဘွားဘီဘင်တွေအားလုံး ဒီမြေမှာမွေး၊ဒီမြေမှာနေပြီး ဒီမြေမှာပဲ သေဆုံးခဲ့ကြတယ်။ မင်းက ဗုဒ္ဓဘာသာကိုးကွယ်ပြီး ငါက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တယ်။ နှစ်ပေါင်းရာထောင်ချီတဲ့သမိုင်းတစ်လျှောက် ငါတို့ အေးအတူ၊ပူအမျှနေခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွေမှာ အတူပါဝင်ခဲ့ကြတယ်။ နောက်ဆုံး တစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး( ၈၈၈၈ )အရေးတော်ပုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ကိုယ်ကျိုးစွန့်ပြီးပါဝင်ခဲ့ကြတယ်။ ဒီမိုကရေစီရရှိရေးကို သံပြိုင်ဟစ်ကြွေးခဲ့ကြတယ်။

ဒါပေမဲ့ ..... အခုတော့ ........

ဗမာကိုမုန်းတဲ့ အစွန်းရောက်ရခိုင်အချို့ရဲ့ ကောက်ကျစ်ယုတ်မာစွာသွေးထိုးမှုနဲ့ ခြောက်တန်းမှမအောင်တဲ့ တဇောက်ကန်း ဝင်းနိုင်ဦးရဲ့ အခြောက်ဆန်တဲ အမုန်းတရားဟောပြောမှုတွေကြောင့် မင်းက ငါ့ကို ဧည့်သည်လို့ပြောလာတယ်။ ဗုဒ္ဓဘာသာဝင်မှ အမျိုးကောင်းသားလို့ထင်လာတယ်။ အများစုဆိုတာကို အခွင့်ကောင်းယူပြီး ငါ့ကို ဒုတိယတန်းစားအဖြစ်နဲ့ သတ်မှတ်လာတယ်။
မိုးထဲလေထဲ ဒုက္ခအတူခံခဲ့တာကို မင်းမေ့ပြစ်လိုက်တယ်။

အဲဒီတော့ ......

မင်းကို ငါပြတ်ပြတ်သားသားပြောလိုက်မယ်။ မင်းသမိုင်း မင်းရေး၊ ငါ့သမိုင်း ငါရေးမယ်။ ဒီမြေဒီရေဟာ မင်းပိုင်သလို ငါနဲ့လဲဆိုင်တယ်။ ဒါ့ကြောင့် မင်းရဲ့ဖယ်ကျဉ်မှုကို ငါ ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်။ အစက မင်းနဲ့ငါ အတူတူလို့ ထင်ခဲ့တယ်။

ဒါပေမဲ့ ......

အခုတော့ ..... ငါ ....... မင်းနဲ့ မတူချင်တော့ဘူး။



Kyaw Win
14 May, 2015

ဆော်ဒီဘုရင်မင်းမြတ် စလ်မာန် ဘင် အဗ္ဗဒွလ် အဇီးဇ် သို့ အိတ်ဖွင့်ပေးစာ။


Assalamu-alaikum.

ကျွန်တော်ဟာ အသက် ၅၂ နှစ်အရွယ် မလေးရှားနိုင်ငံဖွား တစ်ဦးဖြစ်ပြီး အခြားဘာသာတရားများကို လက်ခံလေးစားပြီး လူမျိုးစုံ၊ အယူဝါဒစုံအကြားတွင် သင့်မြတ်နေထိုင်ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပါတယ်။ ဘာသာတရား အသီးသီးဟာ ဖန်ဆင်းရှင်တစ်ဆူတည်းကို ဦးတည်သော မတူညီသည့် နည်းလမ်းများအဖြစ် ရှုမြင်ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ၁၉၇၀ပြည့်လွန်နှစ်များမှ စ၍ ဝဟာဗီအယူအဆကို ကမ္ဘာအနှံ့အပြားသို့ တင်ပို့ဖြန့်ချီခဲ့ပြီး အစ္စလာမ်သာသနာကို အကြမ်းဖက်၊ အစွန်းရောက်သာသနာအဖြစ် ပုံဖေါ်စေခဲ့ပါတယ်။

အကျိုးဆက်အနေဖြင့် အစ္စလာမ် သာသနာရဲ့  မူရင်းအနှစ်သာရများဟာ တစ်နေ့တခြား ယိုယွင်းပျက်ပြားလာပြီး လူသတ်မှုများ၊ အသေခံဗုံးခွဲမှုများ၊ ဂိုဏ်းဂနအစွဲများနှင့် အမုန်းတရားများကို နေရာ အနှံ့အပြားမှာ မြင်တွေ့လာနေရပါတယ်။ ဤကဲ့သို့ အစ္စလာမ်အမည်ကို ခံယူပြီး ဆိုးရွားသော လမ်းကြောင်းပေါ်သို့ ဆွဲတင်နေသော အခြေအနေကို လုံးဝလက်မခံနိုင်တော့ပါ။ မွတ်စ်လင်မ်ကမ္ဘာဟာ အပြောင်းအလဲကို လိုအပ်နေပြီး အသင်ဘုရင်မင်းမြတ်ဟာ ဤအခြေအနေဆိုးမှ ဆွဲထုတ်နိုင်မည့် အကောင်းဆုံးသော အခြေအနေတွင် ရှိနေသူဖြစ်ပါတယ်။

ကျွန်တော်ငယ်စဉ်က ကဗျာလင်္ကာများ၊ မေတ္တာသံစဉ်များ ရွတ်ဆိုချီတက်ခဲ့ရသော တမန်တော်မွေးနေ့အခန်းအနားများကို သတိရနေမိပါတယ်။ ယခုအခါမှာတော့ တမန်တော်မွေးနေ့ အခန်းအနားဟာ အမေရိကန်ကဲ့သို့ နိုင်ငံမှာပင် မလုပ်ကောင်းသော အခန်းအနားတစ်ခုအဖြစ် သတ်မှတ်လာပြီး ဝဟာဗီအယူအဆအရ မွေးနေ့ထက် သေနေ့ဖြစ်ကြောင်းကို အလေးပေးပြောဆိုလာပါပြီ။ ထိုပညာရှင်များကပင် ကျမ်းမြတ်ကွရ်အာန်အား စူးစမ်းလေ့လာခွင့်၊ ကျမ်းမြတ်ကွရ်အာန်နှင့် လူသားများအတွက် ဘဝလမ်းညွှန်ဖြစ်သော ဟဒီးစ်တော်များအကြား အကွဲအလွဲများကို ဆွေးနွေးခွင့် .... စသည်တို့ကို ပိတ်ပင်လာပါပြီ။

ကျမ်းမြတ်ကွရ်အာန်က အမျိုးသမီးများကို တစ်ဆင့်နိမ့်လူသားဘဝမှ လွတ်မြောက်စေခဲ့ပြီး နှစ်သက်သူကို ရွေးချယ်လက်ထပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ ဦးဆောင်ခွင့်များပေးပြီး ဂုဏ်သိက္ခာရှိသူများအဖြစ် မြှင့်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်အရောက်မှာတော့ ဝဟာဗီအေမာမ်တွေဟာ အမျိုးမျိုးသောနည်းလမ်းများဖြင့် အမျိုးသမီးများရဲ့ဘဝကို တစ်ဆင့်နိမ့်လူသားများအဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဝဟာဗီများဟာ အဘယ့်ကြောင့် သမီးမိန်းကလေးများကို အရှင်လတ်လတ် မြှုတ်နှံတဲ့ အဖြစ်သို့ တဖန်ပြန်တွန်းပို့နေရတာပါလဲ။
ဒီကနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ့်ပုံစံစစ်စစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံမရှိပါဘူး။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဟာ အစ္စလာမ်သာသနာ မတိုင်မီကရှိနေတဲ့ အမှောင်ခေတ်လိုဖြစ်နေပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့ နိုင်ငံအတွင်းမှာ အမျိုးသမီးများကားမောင်းခွင့်၊ မဲပေးခွင့်.... စတာတွေကို ခွင့်ပြုပေးခြင်းဖြင့် ပုရိသကြီးစိုးတဲ့ ဝါဒကိုတိုက်ဖျက်ပြီး ကျား/မတန်းတူအခွင့်အရေးကို ဖန်တီးပေးနိုင်တဲ့ အခွင့်အာဏာကို အသုံးပြုပြီး ISIS ၊ တာလီဘန်နဲ့ ဘိုကိုဟာရမ်တို့ရဲ့ လွဲမှားတဲ့ ဘာသာရေးအယူအဆတွေကို တိုက်ဖျက်ပေးစေလိုပါတယ်။

 ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ ဆော်ဒီနိုင်ငံသား ယောက်ျား၊မိန်းမတွေကို အကျဉ်းချမည့်အစား သူတို့ကို လွတ်လပ်စွာပြောဆိုခွင့်ပေးခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော မွတ်စ်လင်မ်ယောက်ျား၊မိန်းမတွေရဲ့ ဘဝကို သိသိသာသာ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။
မင်ဘရ်တရားဟောစင်ကနေ မွတ်စ်လင်မ်အချင်းချင်းအပေါ် ဓမ္မသတ်ပေး ခွဲခြားသတ်မှတ်မှုများ၊ ဖန်ဆင်းရှင်ကဲ့သို့ အပြစ်ပေးမှုများကိုလည်း ရပ်တန့်သင့်ပါပြီ။မဟာတမန်တော်မြတ် ﷺ လက်ထက်က စွန္နီ၊ရှီအာနှင့် အခြားဂိုဏ်းဂဏများ မရှိခဲ့ယုံမျှမက မွတ်စ်လင်မ်များနှင့်အတူ အခြားဘာသာဝင်များဟာ မဟာတမန်တော်မြတ် ﷺ  ရဲ့ အကာအကွယ်အောက်မှာ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခဲ့ကြတာ ဘုရင်မင်းမြတ်ရဲ့ နိုင်ငံမှာပါ။ ဖန်ဆင်းရှင်ရဲ့ ရှေ့တော်မှောက်မှာ လူသားအားလုံးဟာ အတူတူပဲဖြစ်ကြောင်း ကျမ်းမြတ်ကွရ်အာန်(၄၉:၁၃) မှာ အတိအလင်းဆိုထားပါတယ်။ ကမ္ဘာ့လူသားများရဲ့ အတွေးအမြင်များကို လာရောက်ဖလှယ်ရာဒေသအဖြစ် ဆော်ဒီအာရေဗီးယားကို စိတ်ကူးဖြင့် ပုံဖေါ်ကြည့်စေလိုပါတယ်။
မွတ်စ်လင်မ်ကမ္ဘာဟာ မဟာတမန်တော်မြတ် ﷺ မနှစ်မြို့ခဲ့တဲ့ အာဏာ၊ ငွေကြေးတို့နဲ့ ပျက်စီးနေပါပြီ။ အကျင့်ပျက်ခြစားမှုများမှ ကင်းဝေးပြီး ကောင်းမွန်သောအစိုးရများ အုပ်ချုပ်တဲ့ မွတ်စ်လင်မ်ကမ္ဘာမှာ ISIS တို့လို အစ္စလာမ်ကို ပုံဖျက်နေသူတွေ မရှင်သန်နိုင်ပါဘူး။ ဒီကနေ့ မွတ်စ်လင်မ်ကမ္ဘာမှာရှိနေတဲ့ အနိဌာရုံတွေအားလုံးရဲ့ တရားခံဟာ ဆော်ဒီအာရေဗီးယာက ဝဟာဗီအယူအဆပါ။ ဘုရင်မင်းမြတ်မှာ ဒီအယူအဆကို အမြစ်ကနေဆွဲနှုတ်နိုင်စွမ်းရှိပြီး OIC အပါအဝင် ဘာသာရေးစာသင်ကျောင်းများမှတဆင့် မွတ်စ်လင်မ်ကမ္ဘာကို ကယ်တင်ပေးပါ။ သန်းပေါင်းများစွာသော ဟာဂျီများမှတဆင့် ဝဟာဗီအယူအဆကို တိုက်ဖျက်သည့် သတင်းစကားများကို ကမ္ဘာအနှံ့သို့ ပို့ဆောင်ပေးပါ။

အစ္စလာမ်ဘာသာမှာ သာသနာပိုင် မရှိပေမဲ့လည်း ကအ်ဘာကျောင်းတော်နှင့် မတ်စ်ဂျစ်နဗဝီ ဆိုတဲ့ အမြတ်ဆုံးဝတ်ကျောင်းတော်များကို ထိန်းသိမ်းစောင့်ရှောက်သူဆိုတဲ့ ထည်ဝါတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး မွတ်စ်လင်မ်ကမ္ဘာကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးစေလိုပါတယ်။

Kyaw Win
14 May, 2015

အပူ

ဒီနှစ် အတော်လေးကို ပူတာပဲဗျ။ မိုး/ဇလပညာရှင်တွေကတော့ အယ်လ်နီညိုးနှစ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ တစ်ခြားအကြောင်းအရာတွေက လိုတာထက်ပိုပူစေသလားလို့ပါ။ ဥပမာ .... သစ်ပင်တွေမရှိတော့တာ၊ ကားတွေ စက်ရုံတွေကြောင့် လ်ုတာထက်ပိုတဲ့ Emission ကြောင့်လိုမျိုးပေါ့ဗျာ။ ထင်ထားတာထက် ပိုပူတယ်လို့ ခံစားရစေတဲ့ နောက်တစ်ချက်က မီးမကြာခဏပျက်၊ အကျိုးဆက်အနေနဲ့ ရေသုံးရခက်တဲ့ ကိစ္စဗျ။ စာသင်တော့လည်း အဲကွန်းခန်း၊ ကားထဲမှာလည်း အဲကွန်း၊ အောင်မာ .... ဈေးဝယ်နဲ့ လက်ဖက်ရည်သောက်တာတောင် အဲကွန်းပါတဲ့ဆိုင်မှဆိုတော့ အဲကွန်းမရှိရင်ကို လူက စိတ်ပူ၊ ကိုယ်ပူနဲ့ ဘာကိုမကျေနပ်ရမှန်းမသိတော့ဘူး။
အဲဒီမကျေနပ်တဲ့စိတ်က နေပူကျဲတောက်မှာ ချွေးသံရွှဲရွှဲနဲ့  ဆိုက်ကားနင်းနေတဲ့လူတွေ၊ တစ်နေကုန်တက္ကစီပေါ်က မဆင်းပဲ ကားမောင်းနေရတဲ့ ကားဆရာတွေ၊ ရေသန့်လှည်းတွန်းနေတဲ့ လူငယ်တွေ .... စတာတွေကို တွေ့ရတော့ သူတို့ကိုယ်စား ပိုပူမိသလို ကိုယ်ပူတာကိုလည်း ရှက်မိသလို ခံစားမိပါရဲ့ဗျာ။ ဒါပေမဲ့လည်း ဒီရှက်စိတ်ကြောင့် ပိုပူလာသလိုခံစားရလေတော့ ........